Health tips - စိတ်ဖိစီးမှုများနေလား ချောကလက်စားပေးပါ

   သင့်မှာ အလုပ်တွေအရမ်းများနေတာလို့ ဗိုက်အရမ်းဆာပေမယ့် ထမင်းမစားနိုင်သေးတာမျိုး၊ မီးပွိုင့်မှာ ကားပိတ်နေတဲ့အချိန်မျိုးမှာ . . . သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကို ခံစားကောင်းခံစားနေရနိုင်ပါတယ်။ အဲဒီလို စိတ်ဖိစီးမှုတွေ ဖြစ်နေချိန်မှာ လျှော့ချနိုင်ဖို့ အကောင်းဆုံးနည်းက သင့်အိတ်ထဲမှာ ချောကလက် ထားပြီး စားပေးတာပါပဲ။ ချောကလက်တွေထဲမှာ အမည်းရောင်ချောကလက်က သင့်တော်ပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကို လျှော့ချပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ မကြာသေးခင်က လေ့လာမှု အရ အမည်းရောင်ချောကလက် တစ်ကွက်စာ (၁.၄အောင်စ) စားပေးတာဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေ ဖြစ်ကြတဲ့ ကော်တီစောနဲ့ ကက်တီကောအေမင်းတွေကို လျှော့ချပေးနိုင်တာကြောင့် စိတ်ပူပင်သောကကို လျှော့ကျစေပြီး အလုပ်မှာအောင်မြင်အောင် လုပ်ဆောင်နိုင်ကြောင်းသိရပါတယ်။

ခင်တဲ့
waiyanlin

Comments