ကျန်းမာရေးအတွက် ဖျော်ရည်

အင်တာနက်ထဲ ဖတ်လိုက်ရတဲ့ ကျန်းမာရေးအတွက်အကျိုးရှိစေမဲ့ ဖျော်ရည်တွေအကြောင်း ဝေငှ လိုက်ပါတယ်

၁. မုန်လာဥနီ + ဂျင်း + ပန်းသီး





ဒီဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေသန့်စင်ပြီး လုပ်ဆောင်မှုကောင်းစေပါတယ်

၂. ပန်းသီး + သခွားသီး + တရုတ်နံနံကြီး (Celery)

ဒီဖျော်ရည်ကို သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ ကိုလက်စထရော လျော့ကျစေခြင်း နှင့် ၀မ်းဗိုက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းများသက်သာစေပါတယ်

၃. ခရမ်းချဉ်သီး + မုန်လာဥနီ + ပန်းသီး





ဒီဖျော်ရည်ကတော့ အသားအရောင် ပိုမိုလှပ စေပြီး ခံတွင်းနံ့ဆိုးများ ပျောက်စေပါတယ်



၎. ကြက်ဟင်းခါးသီး + ပန်းသီး + နို့




ဒီဖျော်ရည်သောက်ရင်တော့ ခံတွင်းနံ့ဆိုးများပျောက်စေပြီး ကိုယ်တွင်းအပူများသူများ အပူလျော့ကျစေပါတယ်

၅. လိမ္မော်သီး + ဂျင်း + သခွားသီး




ဒါကို သောက်မယ်ဆိုရင်တော့ အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး အရေပြားအစိုဓာတ်ထိန်းပေးကာ ကိုယ်တွင်းအပူကို လျော့ကျစေပါတယ်။

၆. နာနတ်သီး + ပန်းသီး + ဖရဲသီး




ဒီဖျော်ရည်က ကိုယ်ခန္ဓာမှာ ပိုလျှံနေတဲ့ ဆားတွေကို စွန့်ပစ်စေပြီး ကျောက်ကပ်နှင့်ဆီးအိမ်ကို အာဟာရဖြစ်စေပါတယ်

၇. ပန်းသီး + သခွားသီး + ကီဝီသီး




အသားအရောင်ပိုမို လှပစေပါတယ်။

၈. သစ်တော်သီး နှင့် ငှက်ပျောသီး




သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးပါတယ်

၉. မုန်လာဥနီ + ပန်းသီး + သစ်တော်သီး + သရက်သီး




ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်ပြီး ကိုယ်တွင်းအဆိပ်အတောက်ကို ဆန့်ကျင်တိုက်ခိုက်ပေးတယ်။ သွေးတိုးကျစေပြီး ကိုယ်အပူချိန်ချပေးတယ်။

၁၀. ဟန်နီဂျူး(Honeydew) + စပျစ်သီး + ဖရဲသီး + နွားနို့



ဗီတာမင်စီ နဲ့ ဗီတာမင် ဘီ၂ တို့ ကြွယ်ဝတဲ့ အတွက်ကြောင့် ကိုယ်ခန္ဓာ ဆဲလ်တွေရဲ့ လုပ်ဆောင်မှု ကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားမြင့်တက်စေပါတယ်။

၁၁. သင်္ဘောသီး + နာနတ်သီး + နွားနို့




ဗီတာမင် စီ၊ အီး နဲ့ သံ ဓါတ်ကြွယ်ဝတဲ့ ဖျော်ရည်ဖြစ်တဲ့အတွက် ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်များပိုမိုကောင်းမွန်စေပြီး အသားအရေ ပိုမိုကောင်းမွန်စေပါတယ်။

၁၂. ငှက်ပျော်သီး + နာနတ်သီး + နွားနို့




ဗီတာမင်နှင့် အာဟာရဓါတ်အစုံပါရှိပြီး ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်

ကဲ ဒီဖျော်ရည်လေးတွေသောက်ပြီး ကျန်းမာစိုပြေလှပကြပါစေ။
ခင်တဲ့
waiyanlin

Comments