သင့်ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေအမြန်ကျစေပြီး သွယ်လျစေမယ့် နည်းလမ်းတချို့ကို ဖေါ်ပြလိုက်ပါတယ်။
သင်စားတဲ့အစားအစာထဲမှာ ပရိုတင်းနဲ့ အမျှင်ဓာတ်ပါတာကို ပိုပြီး ရွေးချယ်ပါ။ ဒါဟာ သင့်ခန္ဓာကိုယ် တခုလုံးအတွက် အကျိုးရှိစေတဲ့ ဓာတ်နှစ်မျိုးပဲဖြစ်ပါတယ် ပရိုတင်းဓာတ်ဟာ လေ့ကျင့်ခန်းပြုလုပ်တဲ့သူတွေ အတွက် စွမ်းအင်တွေကို စုပ်ယူနိုင်ဖို့ အကောင်းဆုံးပါပဲ။
ကြိုးခုန်တဲ့လေ့ကျင့်ခန်းကို တပါတ်သုံးကြိမ် ပြုလုပ်ပါ။
ထိုင်ခုံတလုံးပေါ်မှာ ထိုင်ပြီး လက်နှစ်ဖက်နဲ့ သင့်ဒူးခေါင်းတွေကို သင့်ရင်ဘတ်နေရာနား ရောက်အောင် ဆွဲတင်ပါ။ ပြီးရင် မတ်တတ်ရပ်ပြီးလည်း ဒူးတစ်ဖက်စီကို လက်နှစ်ဖက်နဲ့ ရင်ဘတ်ဆီကို ဆွဲတင်ပါ။ ဒီအတိုင်း ၁၅ကြိမ်လောက် ပြုလုပ်ပေးပါ။
ရေကူးတာ၊ လမ်းလျှောက်တာနဲ့ အပြေးလေ့ကျင့်ခန်းတွေက သင့်တင်ပါးနေရာက အဆီတွေကို ကျစေနိုင်ပါတယ်။ လမ်းလျှောက်စက်ပေါ်မှာ တစ်နေ့ကို မိနစ်၃၀လောက်အမြန်လမ်းလျှောက်ပြီး တနေ့ကို စက္ကန့်၃၀လောက် တိုးကာ ပြုလုပ်ပေးပါ။ တင်ပါး၊ ပေါင်နဲ့ ခြေသလုံးက မလိုအပ်တဲ့ အဆီပိုတွေကို ကျစေပါတယ်။
လွယ်ကူတဲ့ နည်းလမ်းတချို့
- အဆီကျစေတဲ့ အစားအစာတွေကို စိတ်ထဲက မှတ်ထားတာထက် ဒိုင်ယာရီထဲမှာ ချရေးပါ။
- သင့်အတွက်လွယ်မယ်ထင်တဲ့ လေ့ကျင့်ခန်းတွေကို မှတ်ထားပြီး အချိန်ရသလို လေ့ကျင့်ပေးပါ။
- သင့်တနေ့တာမှာ လေ့ကျင့်ခန်းလုပ်မယ့်အချိန် မိနစ်၃၀လောက်တော့ ရအောင်ပေးပါ။
- အပြင်စာတွေထက် အိမ်မှာ စနစ်တကျ ချက်ပြုတ်စားပါ။
- ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေများများစားပေးပါ။
ခင်တဲ့
waiyanlin

Comments
Post a Comment