ကျနော်ဖြစ်ဖူးတယ်။ တချို့ ရယ်ဒီမိတ်တွေဝယ်ဝတ်ပြီး ကိုယ်နဲ့ ဘယ်လိုမှ မလိုက်ဘူး။ စိတ်ညစ်ရော။
တခါတလေတော့လဲ တော်တော်ကြည့်ကောင်းနေတယ်။
ဘာကြောင့်လဲဆိုတာ နောက်မှသိတယ်။
ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့လိုက်တဲ့ ၀တ်စုံဝတ်မှ ကြည့်လှတာကိုး။
မိတ်ဆွေများလဲ ကိုယ့်ခန္ဓာကိုယ် ဘယ်လိုဆိုတာ ကြည့်ပြီး လိုက်ဖက်တဲ့ ၀တ်စုံလေးတွေ ရွေးရအောင်။
H ပုံစံခန္ဓာကိုယ်
ပခုံး၊ တင်ပါးနဲ့ ခါးနေရာတွေက ကောက်ကြောင်းမရှိဘဲ တစ်ဖြောင့်တည်းသွားတဲ့ပုံစံပါ။ ပိန်တဲ့လူတွေမှာ ဒီပုံစံရှိကြပါတယ်။ ဒီလို ခန္ဓာကိုယ်တွေအတွက် တစ်ဖြောင့်တည်းဂါဝန်၊ အင်္ကျီရှည်တွေမှာ ခါးပတ်နဲ့ ၀တ်ဆင်တာက ပိုလှမှာပါ
A ပုံစံခန္ဓာကိုယ်
ဒီခန္ဓာကိုယ်က တင်ပါးနေရာက ကြီးပြီး လက်မောင်းနဲ့ ရင်ဘတ်နေရာနားက သေးတဲ့ ခန္ဓာကိုယ်ပါ၊ ဒီပုံစံအတွက် အရောင်တောက်တောက်အ၀တ်အစားနဲ့ လိုက်ဖက်ပါတယ်။ အပေါ်ဘက် ပခုံးနေရာနားမှာ အပွင့်၊ အဖတ်တွေ ဒေါက်တွေပါတဲ့ ပုံစံမျိုးကို ၀တ်ပါ။
V ပုံစံခန္ဓာကိုယ်
ဒါကတော့ A ပုံစံနဲ့ ဆန့်ကျင်ဖက်ပါ။ သင့်ခါး၊ တင်ပါးနဲ့ ပေါင်တံတွေ သေးသွယ်သူတွေပါ။ ဒီလို ခန္ဓာကိုယ်တွေအတွက်တော့ စတိုင်ပန်လိုမျိုး ဘောင်းဘီအရှည်အဖြောင့်ကိုဝတ်ဆင်ပါ။ အောက်ရှုးဘောင်းဘီတွေကို ရှောင်ပါ။
O ပုံစံခန္ဓာကိုယ်
ဒီခန္ဓာကိုယ်ကတော့ သင့်ခါးနဲ့ တင်ပါးနေရာတွေက သိသိသာသာ ၀နေတာမျိုးပါ။ ကန့်လန့်စင်း ၀တ်စုံတွေနဲ့ ကိုယ်ကျပ်ဝတ်စုံတွေကို ရှောင်ပါ။ ဒေါင်လိုက်စင်းပါတဲ့ ၀တ်စုံ၊ ခပ်ပွပွဝတ်စုံတွေကို ၀တ်ဆင်ပါ။
X နဲ့ S ပုံစံခန္ဓာကိုယ်
ခါးသေးရင်ချီပြီး ကောက်ကြောင်းပေါ်လွင်တဲ့ အလှပိုင်ရှင်ပါ။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ဘယ်အ၀တ်အစားမဆိုလှပပေမယ့် ခန္ဓာကိုယ်အနေအထားနဲ့ ညီမျှတဲ့ ၀တ်စုံဖြစ်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်မှာ ကွက်တိကျနေဖို့လိုပြီး ခါးနဲ့ တင်နေရာမှာ ဒေါက်ထည့်ဝတ်ဆင်ပေးပါ။
ခင်တဲ့
waiyanlin

Comments
Post a Comment