လေဖြတ်ခြင်းမဖြစ်စေဖို့ ကျနော် ဖတ်ဖူးသမျှလေးကို မျှဝေလိုက်ပါတယ်။
ခင်တဲ့
waiyanlin
လေဖြတ်တာဟာ အသက်အန္တရာယ်ကို ထိခိုက်စေရုံသာမက နာတာရှည်ပြုစုကုသရတဲ့ ဝေဒနာ တခုပါ။ လေဖြတ်တဲ့ဝေဒနာကို ခံစားရပြီး အသက်ရှင်သူအများစုမှာလည်း နာတာရှည်ဝေဒနာ ခံစားရတာကြောင့် လူမှုရေး၊ စီးပွားရေးတွေ များစွာထိခိုက်နစ်နာစေပါတယ်။ ကူးစက်တတ်တဲ့ရောဂါမျိုး မဟုတ်ပါဘူး။ ကျန်းမာရေးအသိနဲ့ ကာကွယ်လို့ရပါတယ်။
လေဖြတ်တယ်ဆိုတာ
ဦးနှောက်မှာရှိနေတဲ့ သွေးကြောတွေက ဦးနှောက်ကို သွေးနဲ့ အောက်ဆီဂျင် ထောက်ပံ့ပေးပါတယ်။ သွေးကြောတချောင်း ကို သွေးခဲပိတ်ဆို့သွားတဲ့အခါ ဒါမှမဟုတ် သွေးကြောတချောင်းပြတ်သွားရင် ဦးနှောက်ရဲ့ အချို့ အစိတ်အပိုင်းတွေကို သွေးမရောက်ရှိတော့ပါ။ ထိုအခါ ဦးနှောက်ဆဲလ်တွေသေဆုံးပြီး ဦးနှောက်ပျက်စီးခြင်းစတင်ဖြစ်ပေါ်ပါတယ်။ ဒါကို လေဖြတ်တယ်လို့ ပြောတာပါ။ ဦးနှောက်ပျက်စီးတဲ့ နေရာပေါ်မူတည်ပြီး ထိုဦးနှောက်အစိတ်အပိုင်းမှ ထိန်းချုပ်ထားသော နေရာများရဲ့ လုပ်ဆောင်နိုင်မှုတွေ ပျက်ယွင်းသွားပါတယ်။ လုပ်ဆောင်နိုင်မှုဆိုတာမှာ စကားပြောတာ၊ လှုပ်ရှားတာ နဲ့ မှတ်ဥာဏ်တွေပါဝင်ပါတယ်။ လူနာမှာ ဘယ်လောက်ထိခိုက်မှုရှိတယ်ဆိုတာက ဦးနှောက်ပျက်စီးမှု ပမာဏနဲ့ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ပျက်စီးမှုများပြားရင် တချို့လူနာတွေဟာ လေဖြတ်ပြီး မကြာမီသေဆုံးသွားတတ်ပါတယ်။
လေမဖြတ်ခင် ဖြစ်တတ်သောလက္ခဏာများ
ဦးနှောက်အတွင်းသွေးစီးဆင်းမှု မကောင်းတော့တဲ့အခါ လေဖြတ်မယ့်အရိပ်အယောင်တွေ ပေါ်လာတတ်ပါတယ်။
- လက် ဒါမှမဟုတ် ခြေတဖက် ခဏတာလေးသွားခြင်း၊ ထုံသွားခြင်း၊
- စကားပြောရာမှာ ဗလုံးပထွေးဖြစ်ခြင်း၊ အာလေးလျှာလေးဖြစ်ခြင်း၊
- အမြင်ေ၀၀ါးကာ ခဏတာ မမြင်ရခြင်း၊
- ရုတ်တရက်ခေါင်းမူးခြင်း (သို့) ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊
လေဖြတ်ခြင်းဖြစ်စေသော အကြောင်းများ
- သွေးတိုးရောဂါရှိခြင်း၊
- ဆီးချို သွေးချိုရောဂါရှိခြင်း၊
- မျိုးရိုးဗီဇရှိခြင်း၊
- နှလုံးရောဂါရှိခြင်း၊
- သွေးထဲတွင်အဆီဓါတ်များခြင်း၊
- အသက် ၆၅နှစ်အထက်ရှိခြင်း၊
- အမျိုးသားဖြစ်ခြင်း၊
- ယခင်က လေဖြတ်ဖူးခြင်း
ဒါတွေစားပေးပါ
- အဆီထုတ်ထားတဲ့အသား
- ငါးအမျိုးမျိုး
- အစေ့အဆံများ (နေကြာစေ့၊ ဗာဒံစေ့)
- ကြက်ဥ တပါတ်သုံးလုံး
- အဆီထုတ်ထားတဲ့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ
- ပေါင်မုန့်ညို ၊ ကောက်နှံ့ကွေကာ၊ ဆန်လုံးညို
- သစ်သီးနဲ့ ဟင်းသီးဟင်းရွက်
- ကော်ဖီ၊ လက်ဖက်ရည်ကို သကြားမထည့်ဘဲသောက်ပါ။
ဒါတွေမစားပါနဲ့
- ထောပတ်၊ ဆီကြော်အစားအစာ၊ အုန်းသီး၊ အုန်သီးနှင့်လုပ်သောအစားအစာများ၊
- အဆီများတဲ့ ၀က်သား၊ အမဲသား၊ သိုးသား၊ ဆိတ်သား (အနီရောင်အသားတွေ)
- မလိုင်အပြည့်ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ
- အငန်များတဲ့ မုန့်တွေ
ကာကွယ်ပါ
- သွေးဖိအားကို ထိန်းပါ၊ လိုအပ်ပါက ဆရာဝန်နှင့်ပြသပါ။
- နှလုံးရောဂါဖြစ်ရင်လည်း ဆေးကုသမှု မှန်မှန်ခံယူပါ။
- ဆေးလိပ်၊ အရက် ဖြတ်ပါ။
- သွေးတွင်း ကိုလက်စထရောပမာဏကို မများအောင် ထိန်းသိမ်းပါ။
- ဆီးချိုသွေးချိုရောဂါရှိပါက ဂရုတစိုက် ကုသပါ။
- လေ့ကျင့်ခန်းပြုလုပ်ပါ။
လေဖြတ်ခြင်းဟာ အသက်အရွယ်မရွေး အချိန်မရွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ပြီး လေဖြတ်ခြင်းမဖြစ်အောင်ကာကွယ်နိုင်ကြပါစေ။
ခင်တဲ့
waiyanlin
Comments
Post a Comment