အာရုံစူးစိုက်လို့မရဘူးလား - ဟင်းနုနယ်ရွက်သုပ်စားပါ
အာရုံစူးစိုက်လို့ မရဘူးဆိုရင် ဟင်းနုနယ်ရွက်သုပ်ကို စားပေးလိုက်ပါ။ စိတ်အာရုံကို စူးစိုက်ထားလို့ မရဘူးဆိုရင် ကော်ဖီသောက်မယ့်အစား ဟင်းနုနယ်ရွက်သုပ်ကို စားတာကပိုကောင်းကြောင်း သုတေသီအချို့က ဆိုပါတယ်။
အကြောင်းကတော့ ဟင်းနုနယ်ရွက်သုပ်မှာပါဝင်တဲ့ ဖောလစ်အက်ဆစ် (Folic acid) ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism)ကိုမြန်ဆန်စေပြီးသွေးထဲက ဟိုမိုစစ်စတင်း ပမာဏကို လျော့ကျစေပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတင်းပမာဏ များပြားတာဟာ သွေးကြောတွေကို ထိခိုက်စေပြီး သွေးစီးဆင်းမှုကို အနှောက်အယှက်ပေးကာ ဦးနှောက်ဆီကို သွေးနဲ့ အာဟာရဓာတ်တွေရောက်ရှိမှုလျော့ကျစေပါတယ်။ သွေးစီးဆင်းမှု မကောင်းတာကြောင့် အာရုံစူးစိုက်နိုင်စွမ်း လျော့ကျကာ သတင်းအချက်အလက်တွေကို ပြန်ခေါ်နိုင်စွမ်း မကောင်းတော့ပါဘူး။ ဒါကြောင့် အာရုံစူးစိုက်နိုင်စွမ်းကောင်းအောင် လုပ်သင့်တဲ့ အကောင်းဆုံးနည်းက ဖောလစ်အက်ဆစ်ဓာတ် ကြွယ်ဝတဲ့ ဟင်းနုနယ်ရွက်နဲ့ အခြားအစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို စားပေးတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အာလူး၊ အားဖြည့်ကွေကာ၊ ပဲသီး၊ ပဲအမျိုးမျိုးနဲ့ မှိုတွေမှာလဲ ဖောလစ်အက်ဆစ်ဓာတ် ပါဝင်ပါတယ်။
ခင်တဲ့
waiyanlin

Comments
Post a Comment