ညက အိမ်နီးနားချင်းတွေဆူနေလို့ အိပ်မရဘဲ စိတ်တို ဒေါသထွက်နေရသလား။ ဒါမှမဟုတ် အလုပ်ထဲမှာ အဆင်မပြေလို့ စိတ်တိုဒေါသထွက်နေရသလား။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒေါသထွက်တာက သင့်ကျန်းမာရေးအတွက်လုံးဝ မကောင်းပါဘူး။ အခန့်မသင့်ရင် နှလုံးရောဂါထခြင်းကိုတောင် ဖြစ်စေ ပါတယ်။ ဒါကြောင့် စိတ်တိုဒေါသထွက်နေရင် ဒေါသလျော့အောင်လုပ်ဖို့က အရေးကြီးပါတယ်။
ဒေါသတွေပြေလျော့ပြီး စိတ်အေးချမ်းသွားအောင် လက်ဖက်စိမ်းလက်ဖက်ရည် တခွက် သောက်ပေးလိုက်ပါ။ လက်ဖက်စိမ်းလက်ဖက်ရည်ထဲမှာပါတဲ့ သီရာနင်း (Theanine) ဟာစိတ်ကို အေးချမ်းသွားစေပြီး အာရုံစူးစိုက်နိုင်စွမ်းအားကောင်းအောင်နဲ့ အတွေးတွေ ကြည်လင်သွားအောင် ကူညီပေးနိုင်ပါတယ်။
ခင်တဲ့
waiyanlin

Comments
Post a Comment