Health tips - ငိုချင်နေသလား၊ ကောက်နှံတခုလုံးပါ ကွေကာနဲ့ နို့ကိုသောက်ပါ

ဝမ်းနည်းပြီး ငိုချင်စိတ်တွေ ဖြစ်ပေါ်နေရင် ပျော်ရွှင်လာဖို့ အတွက် အစားအသောက်နဲ့ ကုသပေးလိုက်ပါ။ သင်ခံစားနေရတဲ့ ၀မ်းနည်းစိတ်ဟာ သင့် အလုပ်ခွင် ဒါမှမဟုတ် ပေါင်းသင်းဆက်ဆံရေး စတာတွေနဲ့ ဆက်စပ်နေရင်တောင် သင်စားတဲ့ အစားအသောက်ထဲမှာ ဗီတာမင်ဒီချို့တဲ့နေရင် ပိုပြီး ၀မ်းနည်းလာနိုင် ပါတယ်။ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ကနေ စိတ်ခံစားမှု အားကောင်းစေတဲ့ ဆီရိုတိုနင်ဓာတ် ထုတ်လုပ်အားကောင်းစေတာကြောင့် ၀မ်းနည်းမှုကို အထိုက်အလျှောက် ပြေလျော့သွားစေပါတယ်။ ဆီရိုတိုနင်ဓာတ်ဟာ စိတ်ကို အေးငြိမ်းပျော်ရွှင်စေကာ ချမ်းမြေ့စေတဲ့ ဟော်မုန်းတစ်မျိုးပါ။ သင့်မှာ ဗီတာမင်ဒီ ချို့တဲ့နေရင် စိတ်ခံစားမှုကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်စွမ်း လျော့ကျကာ စိတ်ဓာတ်ကျမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဗီတာမင်ဒီရရှိအောင် အဆီနည်းနို့နဲ့ အားဖြည့်ကွေကာ တွေကို စားသောက်ပေးပါ။ တကယ်လို့ သင့်အနေနဲ့ စားသောက်တဲ့ အာဟာရကနေ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတွေကို မရရှိရင် ဖြည့်စွက်ဆေးကို သောက်သုံးပေးဖို့လိုပါတယ်။

ခင်တဲ့
waiyanlin

Comments