ရာသီအကြို ဝေဒနာတွေခံစားနေရပြီး ရေခဲမုန့်၊ အာလူးချောင်းကြော်နဲ့ ဒိန်ခဲစတာတွေကို စားချင်နေရင် အဲဒီအစာတွေအစား ကြက်ဥ ဒါမှမဟုတ် ဘဲဥနဲ့ အရွက်ရောညှပ်ထားတဲ့ ဆင်းဒ၀စ်ခ်ျ ပေါင်မုန့်ကို စားပေးပါ။ ရာသီမလာခင်နေ့ရက်တွေမှာ အမျိုးသမီး အများစုအနေနဲ့ ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစားအစားတွေကို စားချင်တတ်ကြတာ သဘာဝပါပဲ။ ကာဗိုဟိုက်ဒရိတ်ပါတဲ့ ပေါင်မုန့်ကို စားပေးတဲ့ အခါ ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်ပမာဏကို မြင့်တက်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ ဒိုးနပ်မုန့်၊ အာလူးချောင်းကြော်စတဲ့ ကာဗိုဟိုက်ဒရိတ်တွေကိုတော့ ရှောင်ပါ၊ အဲဒီအစာတွေဟာ အစာစားပြီးရင် သွေးတွင်းသကြားဓာတ် သိသိသာသာမြင့်တက်ပေမယ့် ချက်ချင်းပြန်ကျသွားကာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတာကြောင့်ပါ။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ရရှိအောင် ကောက်နှံတခုလုံးနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို ထရစ်ပတိုဖန် ပေါကြွယ်ဝတဲ့ ဥအမျိုးမျိုးနဲ့ ရောစားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားချက် ကောင်းစေတဲ့ ဆီရိုတိုနင်ပမာဏကို တိုးပွားလာစေပါတယ်။
ကဲ၊ ရာသီအကြိုဝေဒနာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ပြီး မအီမသာခံစားနေရသလား။ ကြက်ဥ၊ ဘဲဥကြော်ကို ပေါင်မုန့်ကြားညှပ်ပြီး ဆလပ်ရွက်ထည့်စားလိုက်ပါ။
ခင်တဲ့
waiyanlin
ကဲ၊ ရာသီအကြိုဝေဒနာကြောင့် စိတ်ပင်ပန်းနွမ်းနယ်ပြီး မအီမသာခံစားနေရသလား။ ကြက်ဥ၊ ဘဲဥကြော်ကို ပေါင်မုန့်ကြားညှပ်ပြီး ဆလပ်ရွက်ထည့်စားလိုက်ပါ။
ခင်တဲ့
waiyanlin
Comments
Post a Comment