ရာသီအကြိုဝေဒနာ(PMS) ခံစားနေရသလား

 မိန်းကလေးများ ရာသီအကြိုဝေဒနာခံစားနေရသလား။
 ဒါဆိုရင်တော့ နဲနဲလောက်အကြံပေးမယ်နော်။
သံဓါတ်ပါတဲ့ အစားအစာစားရင် ရာသီအကြို ဝေဒနာတွေကို သက်သာစေကြောင်း မကြာသေးမီကမှ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အမဲသား၊ ၀က်သား များ စားပေးနိုင်ပါတယ်။ ဒီအသားတွေ မစားဘူးဆိုရင်တော့ သံဓါတ်ပါတဲ့ အားဆေးတွေသောက်ပေးပေါ့။
နောက်သံဓါတ်ကြွယ်ဝတဲ့ အစားအစာက အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေပါ။ သုပ်စားရင်တော့ မိန်းကလေးများအကြိုက်ဖြစ်မယ်ထင်တယ်နော်။
ရာသီအကြိုဝေဒနာခံစားရသူတို့မှာ မဂ္ဂနီဆီယမ် ဓါတ်လဲချို့တဲ့တတ်ပါတယ်။
ချောကလက်အမဲ၊ ပဲ နဲ့ ဆန်လုံးညိုတို့ ဟာ မဂ္ဂနီဆီယမ် ကြွယ်ဝပါတယ်။


ကဲ ရာသီလာပြီး တပါတ် ၁၀ရက်လောက်ကြတော့ သားဥကြွေပြီ။ အဲဒီအချိန်မှာတော့ ကယ်လ်စီယမ်ပမာဏ နည်းပါးနေတတ်တယ်။ ဒါကြောင့် သတ္တုဓါတ်ပါတဲ့ အစားများများစားပေးဖို့လိုနေပြီပေါ့။ နို့၊ ဒိန်ချဉ်တို့လိုမျိုးပေါ့။ အိုမီဂါ ၃ ဖက်တီးအက်ဆစ် (ငါး၊ ထောပတ်၊ အစေ့အဆန်၊ သံလွင်ဆီတို့မှာပါသည်) ကလဲ ရာသီအကြိုဝေဒနာတွေကို သက်သာစေတယ်လို့ ပြောပါတယ်။
ကဲ ဒီအစားအစာလေးတွေမျှတအောင်စားရင်း  ရာသီအကြို ဝေဒနာကင်းပြီး ကျန်းမာကြပါစေ။
ခင်တဲ့
waiyanlin

Comments